Friday, 27 March 2015





★ Promotion - From 20.3.2015 ~ 31.3.2015 <27,28,29 holiday>
မှတ်ချက် ။ ။ ဤPromotionသည်Customer များအတွက်သာဖြစ်သည်။
1. V-Composite (4.5g) : 9500KS/pc Buy 2 Give 1
2. Etching Gel 37% : 2000KS/pc Discount 10%
3. Ceivitron 15g : 3000KS/pc Discount 10%
4. V-Flow 2g : 9000KS/pc Buy 2 Give 1
5. Rocolite - Varnish : 4500KS/box Discount 20%
6. Bonding 2 in 1 (5ml) : 15000KS/pc Discount 10%
7. Bonding 3 in 1 (5ml) : 20000KS/pc Discount 40%
8. TST Hard Stone : 3500KS/pack Discount 8% Buy 1Box Give 1pack
9. DentAmerica WEDGES : 3000KS/pack Discount 15%
10. DentAmerica Prophy Brush (Rubber Brush) : 3000KS/pack Discount 15%
11. DentAmerica Prophy Cups (Rubber Cups) : 2000KS/pack Discount 15%
12. DentAmerica Composeal Varnish : 4500KS/box Discount 20%
13. Actostar Model-Dentist : 25000KS/pc Discount 10%
14. Actostar UV Storage : 320000KS/box Discount 10%
15. UV Lamp-Japan : 15000KS/pc Discount 15%
16. Cavex Alginate All Item Discount 5% Buy 1Box Give 1bag
17. Cavex Amagam Powder : 35000KS/box Discount 10%
18. Temporary Cement : 14000KS/box Discount 5%
19. Cavex Glass Ionomer Cement : 33000KS/box Discount 5%
20. Cavex Rubber Base : 35000KS/Set Discount 7%
21. Cavex Composite Universal : 17000KS/pc Discount 15%
22. Cavex Uni 1 Bonding : 15000KS/pc Discount 20%
23. Cavex Uni SE Bonding : 20000KS/pc Discount 20%
24. Cavex GreenClean 1Kg : 25000KS/Box Discount 10%
25. Bite & White Ready 2 Use : 45000/box Discount 10%
26. Finisense Desensitizing Primer : 20000KS/box Discount 15%
27. Cavex Cleanswabs : 60000KS/Set Discount 15%
28. High Speed Diamond Bur (Taiwan) : 700KS/pc Discount Buy 5 Give 1
29. ShinJect Needle (Korea) : 5500KS/box Discount 8%
30. Cotton Rolls #2 : 3500KS/Bag/600pcs Discount 20%
31. Cotton Rolls Dispensor : 4000KS/pc Discount 12%
32. Face Mask : 2000KS/bag/50pcs Discount 15%
33. Dental Babs(Polybibs) Apron : 8000KS/box/200pcs Discount 20%
34. Mortar and Pestle : 3000KS/Set Discount 20%
35. Disposable Mouth Mirror,Probe,Tweezer : 150Ks/pc/one item Discount 30%
36. Bur Blocks 168holes : 5000KS/pc Discount 15%
37. Bur Blocks 142holes : 7000KS/pc Discount 15%
38. Pancaine Orabase (Dental Paste) 30g : 7500KS/box Discount 10%
39. Sterilization Pouch : 7000KS/box/200pcs Discount 25%
40. Systion Tip : 2800KS/bag/100pcs Discount 15%
41. Basis Powder 400g : 11500KS/pc Discount 5% Buy 3 Give 1 - 100g
42. High Powder 400g : 13000KS/pc Discount 5% Buy 3 Give 1 -100g
43. Basis Liquid : All Item Discount 15%
44. Orth Bright Color : 40000KS/Box Discount 10%
45. Apollow Sep <CMS> : All Item Discount 5%
46. Break - Plaster Dissolution : All Item Discount 15%
47. Wax Pattern Cleaner Aqua : 9000KS/pc Discount 10%
48. Yamahachi TeethSet <Full> : 6500KS/Set Discount 5%
49. D-Lish Prophy Paste : 250KS/pc Discount 15%
50. Disclosing Tablets : 25000KS/box Discount 10%
51. BlueLex Light Curing LD-105 <Monitex>: Buy 1 Give 1 composite+1 flow
52. Ultrasonic Scalers SP-500 <Monitex> : 170000KS/Set Discount 15%
53. BlueLex Light Curing BT-105<Monitex> : Buy 1 Give 1 composite+1 Flow
54. Tray Lux - Special Unit <Monitex> + Special Tray Material <Cavex> : 220000KS/Set Discount 10%
55. Moniair high speed handpiece-Key Type : 39000KS/Set Discount 10% And Give 1 ချပ်
56. Moniair high speed handpiece-Push Type : 65000KS/Set Discount 10% And Give 1 ချပ်
57. Buy Any Monitex Light Cure Unit GT-1200W,BR350,BR800 Give 1Set Tooth Whitening Gel + Desensitizing Cream






{လူနာ ၁}
ဆရာ သွားကိုက်ပျောက်ဆေး တစ်ထုပ်လောက်
{သွားဆရာဝန်}
ဟုတ်ကဲ့ ဆေးခန်းမှာ သွားကိုက်ပျောက်ဆေး မရောင်းပါဘူးခင်ဗျာ
တခြားမှာမေးကြည့်ပါ

{လူနာ ၂}
သွားကိုက်နေလို့ ဘာဆေးသောက်ရင်ကောင်းမလဲ?
{သွားဆရာဝန်}
ဟုတ်ကဲ့ ဆေးသောက်ရုံနဲ့တော့ သွားကိုက်ဝေဒနာကို ခဏပဲသက်သာစေမှာပါ ဆေးအာနိသင်ရှိသလောက် ပဲသက်သာမှာပါ
ဖြစ်နေတဲ့အရာကို
သင့်လျော်တဲ့ကုသမှုကို မပေးမချင်း အနည်းအများတော့ ပြန်နာတာ ရောင်တာဖြစ်နိုင်ပါတယ်
ပျောက်မှာမဟုတ်ပါဘူး

{လူနာ ၃}
ဆရာ အိမ်က ကလေးသွားနာသွားကိုက်ဖြစ်နေတာ
ဆေးထည့်ဖို့ သွားထဲထည့်လို့ရတဲ့ သွားကိုက်ပျောက်ဆေးမှုန့် ဆေးရည်လေးရောင်းပေးပါဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့ ဒီအတိုင်း ဆေးမရောင်းပါဘူးခင်ဗျာ
လူနာရဲ့ ဖြစ်နေတဲ့သွားခံတွင်းရောဂါ မနေအထား ပေါ်မူတည်ပြီးမှ သင့်လျော်တဲ့ကုသမှုပေးရပါတယ်
အဆင်ပြေရင် မခက်ခဲရင် ကလေးကိုခေါ်လာပြပေးစေချင်ပါတယ်

{လူနာ ၄}
ဆရာ ဒီတလော ရေကောင်းကောင်းမချိုးမိ ဘူး ဝမ်းလည်းမမှန်တော့ အပူတွေကြောင့်
သွားဖုံးတွေကြွလာတယ်ဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့ ခံတွင်းသန့်ရှင်းရေး သေသေခြာခြာလုပ်ပေးပါ
အခု သွားအခြေမှာကပ်နေတဲ့ ချိုးတွေ သွားချေးလွှာတွေကိုဆေးပေးရပါမယ်
သွားဖုံးရောင်တာသက်သာအောင် သွားဆေးကြောကုသပြီး ခံတွင်းသန့်ဆေးရည်ပေးလိုက်ပါ့မယ်
{လူနာ} ဟုတ်ဆရာ အခုတော့ အချိန်မရသေးလို့
အပူတွေလျော့သွားအောင် ဝမ်းမှန်အောင်
ကျွန်တော့်ကို သောက်ဆေးလေးပေးပါလားဆရာ

{လူနာ ၅ }
ဆရာ သွားနူတ်ချင်လို့ ဘေးအိမ်က အညှော်လုပ်တော့
သွားနူတ်ပြီးမညှော်တွေကြောင့် အနာရောင်လာမှာ ရင်းလာမှာ စိုးလို့
{သွားဆရာဝန်}
ဟုတ်ကဲ့ ဆေးပညာမှာတော့ အညှော်နဲ့ရောင်ရမ်းတာက မပါတ်သက် မဆက်စပ်ပါဘူး
ဒါပေမယ့် စိတ်ချမ်းသာအောင် ရှောင်နေတာ တော့ ကောင်းပါတယ်

{လူနာ ၆} ဖုန်းဖြင့်
ကလင်ကလင် ဆရာလားခင်ဗျာ
ကျွန်တော် တခြားသွားဆေးခန်းမှာ သွားနူတ်ထားပါတယ်
မနက်ကပါ အဲဒါသွေးမတိတ်သေးလို့ ဘာလုပ်ရမလဲ
{သွားဆရာဝန်}
သွားဆရာဝန်ရဲ့ညွန်ကြားချက်အတိုင်းလိုက်နာလား ဥပမာ တံထွေးမထွေးရ ပါးလုပ်မကျင်းရစသည်
ငုံမထားရ စသည်
သွေးကဘယ်လိုထွက်လဲဒီအတိုင်းကို ထွက်နေတာလား?
{လူနာ}
အခု မေးနေတာက သွေးမတိတ်သေးလို့ မေးတာပါဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့ အရင် ပြထားတဲ့သွားဆေးခန်းကိုသာပြန်သွားပြလိုက်ပါ
ဒါမှမဟုတ် နီးစပ်ရာ သွားဆေးခန်း
ဒါမှမဟုတ် ကျွန်တော့ ဆေးခန်းသာလာခဲ့ပါ

{လူနာ ၇}
ဆရာ သွားပိုးမစားအောင် သောက်ဆေးလိုချင်လို့ပါ
{သွားဆရာဝန်}
သောက်ဆေးမလိုပါဘူးခင်ဗျာ အချိုတွေလျော့စားမယ် အစာစားပြီးတိုင်းပါးလုပ်ကျင်းပေးမယ် ညမနက် သေခြာ သွားတိုက်မယ်
ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်မယ်
တစ်နှစ် တခါ ၂ ခါ လောက်သွားဆရာဝန်နား စစ်ဆေးကုသမှုခံယူမယ်ဆိုရင် သွားပိုးစားတာ သွားဖုံးရောင်ရောဂါဖြစ်တာကို အတော်ကာကွယ်ပြီးသားဖြစ်ပါတယ်
{လူနာ}
ဒါဆို သွားခိုင်အောင် မာအောင် မဆွေးအောင် အဲလိုဆေးသာပေးပါဆရာ

{လူနာ ၈}
ဆရာ ကျွန်တော်တို့က မျိုးရိုးလိုက်တာလေ
တစ်ယောက်မှသွားမကောင်းဘူး
အခုကျွန်တော့ ကလေးဆို ၄နှစ်နဲ့သွားတွေငူတ်တိုတွေဖြစ်ကုန်ပြီ
{သွားဆရာဝန်}
ဟုတ်ကဲ့
တကယ်တမ်းကတော့ ကလေးလေးမွေးစကတည်းက နို့စို့ပြီးရင်ရေသန့်သန့်လေးနဲ့ အစအဝတ်လေးကိုစွပ်ပြီးသန့်ရှင်းရေးလုပ်ပေးရမယ်
သွားစပေါက်တဲ့အချိန်ကစပြီးသွားကိုသေခြာ တိုက်ပေးရမယ်
အချိုလျော့ကျွေးရမယ်
အစာစားပြီးပါးလုပ်ကျင်းတဲ့အကျင့်လုပ်ပေးရမယ်
ညမနက် သေခြာသွားတိုက်ပေးရမယ်
အရေးကြီးတာက ညအိပ်ရာမဝင်ခင် သေခြာ မမေ့မလျော့တိုက်ပေးရမယ်
ညသွားတိုက်ပြီးသွားရင် ရေကလွဲလို့ ဘာမှမကျွေးရတော့ဘူး
{လူနာ}
ကျွန်တော်တို့ မျိုးရိုးကိုကသွားမကောင်းတာပါ

{လူနာ ၉}
ဆရာ ကျွန်တော့ ကလေးရဲ့ ကလေးအံသွားလေးနုတ်ချင်လို့
{သွားဆရာဝန်}
ဟုတ်ကဲ့
ဒီသွားက ကလေးအသက် ၆ နှစ်မှာပေါက်တဲ့ထွက်လာတဲ့ လူကြီးသွားပါ
မနူတ်သေးပဲ အကြောကုသမှု တစ်ခုခု ပေးပြီး ပြုပြင်ပြီးပြန်သုံးလို့ရပါသေးတယ်
{လူနာ}
မဟုတ်ဘူးဆရာ ကလေးကသွားတစ်ခါမှမလဲသေးဘူး
မယုံရင်သူ့ အမေကို မေးကြည့်ပါဆရာ
သူကရှေ့သွားလေး အပေါ်အောက် ၂ချောင်းစီပဲလဲသေးတာ
ကျန်တာ အကုန်ငယ်သွားပဲ
{သွားဆရာဝန်}
ဟုတ်ကဲ့
ဒီကနေရေကြည့်ပါ
နံပါတ်၆ ခုမြောက်သွားက လူကြီးသွားပါ
ူသူက အသက်၆ နှစ် ဝန်းကျင်မှာ စပေါက်တာပါ
သတိမထားမိလို့နေပါလိမ့်မယ်
ဒီသွားက တစ်သက်လုံးသုံးရမယ့်သွားပါ
နောက်ထပ်ထပ်မထွက်တော့ပါဘူး
လူကြီးသွားပါခင်ဗျာ
{လူနာ}
ဆရာ သူက နောက်သွားတွေလုံးဝမလဲသေးဘူး
သူ့အစ်ကိုဆိုလည်း ဒီလိုနေရာကသွားကို နူတ်လိုက်တာ နောက်တစ်ချောင်း ပြန်ထွက်လာတယ်
ပြန်ထွက်မှာပါဆရာ နူတ်သာနူတ်လိုက်ပါ
{သွားဆရာဝန်}ဟုတ်ကဲ့
ဆန္ဒ အရ နူတ်ချင်ရင်လည်း နူတ်ပေးပါ့မယ်
ပြန်ထွက်မထွက်သေခြာသိသွားအောင် သွား ဓာတ်မှန်ရိုက်ပြီးမှသာ ပြန်လာခဲ့ပါ

{လူနာ ၁၀}
ဆရာ စိတ်တော့မရှိနဲ့နော်
အားတော့နာပါတယ်
ခုနက ကျွန်တော့ရှေ့တစ်ယောက် HIV ရောဂါပိုးရှိနေရင်ဆရာ့ သွားကိရိယာတွေကတဆင့်ရောဂါကူးမှာကြောက်တယ်
တခါသုံးသုံးပေးပါဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့
ခုနကတစ်ယောက်မှမဟုတ်ပါဘူး
လူတိုင်းလူတိုင်းဘယ်သူ့ကိုမဆို ကျွန်တော်က ရောဂါပိုးအစုံရှိသူလို့ပဲသတ်မှတ်ပြီး
ကုသပါတယ်
လူတိုင်းလူတိုင်းကို universal precaution ယူပါတယ်
တတ်နိုင်သမျှတခါသုံးသုံးတယ်
သုံးလို့မရတာတွေကို autoclaveနဲ့ စနစ်မှန် သေသေခြာခြာပိုးသတ်ပြီးမှပြန်လည်သုံးစွဲပါတယ်
ဘယ်သူကမှ ဆရာရေ ကျွန်တော်ကျွန်မက hiv ရောဂါပိုးရှိနေပါတယ်လို့ ဆိုင်းပုဒ်တပ်ပြီး မလာပါဘူး မပြောပါဘူး
ဒါကြောင့်ကျွန်တော်က ကျွန်တော့ဆီမှာသွားရောဂါလာကုသမှုခံယူတဲ့သူ အားလုံးကို
ရောဂါရှိသူ HIV ရှိသူ အနေနဲ့ပဲ ကုသမှုပေးပါတယ်
အော် အစ်ကိုလည်းစိတ်တော့ မရှိပါနဲ့
အပြင်ပုံပန်း ကြည့်ရုံနဲ့မသိနိုင်တော့
အစ်ကို့ ကိုလည်း ကျွန်တော်က HIV ရောဂါပိုးကူးစက်ခံထားရသူ
ဘီပိုးစီပိုးကူးစက်ခံထားရသူ တစ်ယောက်အနေနဲ့သာ သွားရောဂါကုသမှုပေးမှာပါ
သေသေခြာခြာ ပိုးသတ်ထားပြီးပစ္စည်းများကို သာအသုံးပြုထားလို့
အစ်ကို့ဆီကို သူများရောဂါကူးစက်မှာ လုံးဝ မကြောက်ရသလို
သူများဆီကိုလည်း အစ်ကို ဘာရောဂါရှိရှိ မကူးစက်စေရပါဘူးခင်ဗျာ

{လူနာ ၁၁}
ဆရာ အစာစားပြီးပြီးချင်း သွားတိုက်တာ တယ် ဒါတောင်မရဘူးဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့
စူးစမ်းလေ့လာပြီး သုသေတန ပြုလုပ်ထားသူများရဲ့ တွေ့ရှိချက်အရတော့
အစာစားပြီးပြီးချင်းမှာ ကိုယ်စားထားတဲ့ အစားအစာရဲ့ချိုချဉ်ငန်စပ်စတာတွေရဲ့
ဓါတ်ပြုမှုအရ သွားမျက်နှာပြင်က ကြွေသွားလွှာဟာ ပျော့ပြောင်းနေတယ်လို့
သိထားပါတယ် ဒါကြောင့် အစာစားပြီးပြီးခြင်း သွားချက်ခြင်းတိုက်ခြင်းဟာ
သွားမျက်မှာပြင်ကို ပိုမို ပြုန်းတီးပါးလွာစေတယ်လို့ သိရပါတယ်
ဒီတော့ အစာစားပြီးရင်တော့ ကောင်းတာက ရေသန့်သန့်လေးနဲ့ သေသေခြာခြာ
ပါးလုပ်ကျင်းပေးမယ်
အစားအစာစားပြီး အချိုရည်သောက်ပြီးနောက် မိနစ် ၆၀ ၀န်းကျင်လောက် ကြာမှ
သွားတိုက်ဖို့ သွားသန့်ရှင်းရေးလုပ်ဖို့ အကြံပြုထားကြပါတယ်။

{လူနာ ၁၂}
ဆရာ အားတော့နာပါတယ် ဆရာ့ သွားပစ္စည်းတွေကသန့်ရဲ့လားဗျ
{သွားဆရာဝန်}
ဟုတ်ကဲ့
ကျွန်တော့် ပစ္စည်းတွေကို ကျွန်တော်ကိုယ်တိုင် သော်လည်းကောင်း
ကျွန်တော့မိဘ ဆွေမျိုး စတာတွေ ကုသမှုခံယူရင်လည်း
ဒီပစ္စည်းဒီပုံစံနဲ့ ကုသမှုခံယူ လက်ခံနိုင်တဲ့ အနေအထားမှ ကိုယ့်ဆီလာတဲ့ တခြား သွားရောဂါကုဝေဒနာရှင်
တွေကို ကုသမှုပေးတာပါ ခင်ဗျာ

{လူနာ ၁၃}
ဆရာ ရင်တစ်ခေါက်ဆရာ့ဆီလာပြဖူးပါတယ်
အဲတုန်းက ဆရာ ပြန်ချိန်းလိုက်တာ မအားတော့ ပြန်မလာဖြစ်ဘူးဆရာ
အခု က ဒီဘယ်ဖက်က သွားပေါက်လေးက ကိုက်ချင်သလိုလိုဖြစ်နေလို့
အဲဒါ ဆရာ အရင်တုန်းက ညာဖက် သွားကို အကြောထုတ်တာဆိုလားအကြောဖြတ်တာဆိုလား
အဲလိုလုပ်ပေးပါဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့ ပြန်လာပြဖို့မအား အချိန်မပေးနိုင်ရင်တော့ အကြောကုသမှုကအောင်မြင်မှာမဟုတ်ပါဘူး
အကြောကုသမှုပေးတယ်ဆိုတာ
ပထမဦးဆုံး သွားအကြောတွင်းသန့်ရှင်းရေးကို ရသလောက်လုပ်ပေးရမယ်
နောက်ဆေးထည့်မယ် ဆေးလဲရမယ် သွားဓါတ်မှန်ရိုက်ပေးရမယ်
ဆေးထည့်ထားတဲ့ သွားက နာတာကိုက်တာ ဖေါင်းတာ ရောင်တာမရှိဘူး
သွားထဲထည့်ထားတဲ့ ဆေးဂွမ်းမှာ အရောင် အနှံ့မရှိဘူး တခြား စိုစွတ်မှုမရှိဘူး သွေးမထွက်ဘူး
ဆိုရင် အကြော အစားထိုး ပြန်ပိတ်
သွားအနေနဲ့ ခိုင်ခံ့မှုအားနည်းနေရင် reinforce တိုင်စိုက်ပြီး မှ သွားဖာတဲ့
ဆေးအမာ ပိတ်ပြီး ရေရှည် အသုံး ပြုလို့ရအောင်
အပေါ်ကနေ ကြွေသွား ဖြစ် ဖြစ် ငွေ သွားဖြစ်ဖြစ် ပြန်စွပ်ပေးရပါတယ်
၁ အချိန် ပေးရမယ် ၂ ကုန်ကျစရိတ်ရှိမယ် ၃ ဒီကုသမှုပေါ်မှာ စိတ်ဝင်တစားရှိရမယ်
ဒါမှ ဒီအကြောကုသမှ လုပ်ငန်းစဉ်က အောင်မြင်မှာပါ
နာတာကိုက်တာ သက်သာသွားလို့ ပြန်လာမပြဖြစ်နိုင်ဘူး ဆိုရင်တော့
နူတ်လိုက်တာ အကောင်းဆုံးပါ ခင်ဗျာ

{လူနာ ၁၄}
ဆရာ ဒီသွားပဲ့သွားပြီး ကျင်နေလို့ နူတ်သာနူတ်ပေးလိုက်ပါ
{သွားဆရာဝန်}
ဒီသွားက ပြန်လည်ပြုပြင်ပြီး ပြန်သုံးလို့ရနေပါသေးတယ်
နူတ်ပစ်လိုက်မယ်ဆိုရင် သွားတစ်ချောင်းဆုံးရှုံးမယ်
နောက် အချိန် အတိုင်းအတာ တစ်ခုမှာ ဘေးသွားတွေ ယိုင်လာမယ် နဲ့လာမယ်
ဆန့်ကျင်ဖက် အပေါ်အောက်က သွားတွေကြွလာရှည်ထွက်လာမယ်
ဒါက သွားနူတ်ပြီး ပြန်လည် အစားမထိုးမိတဲ့ နောက်ဆက်တွဲဆိုးကျိုးပေါ့
ပြန်လည် အစားထိုးမယ်ဆိုရင်လည်း သူကတော့ အတုဖြစ်နေတဲ့ အတွက်
ကိုယ့်ရဲ့ မွေးရာပါအစစ်လောက်တော့ အဆင်ပြေ မှာ ကောင်းမှာ မဟုတ်ပါဘူး
သွားမှ မဟုတ်ပါဘူး ဘယ်ပစ္စည်းမဆို အတုဆိုတာ အစစ်လောက်မကောင်းပါဘူး
ကိုယ့်မွေးရာပါ အစစ်ကို သေသေခြာခြာ ပြန်လည် ပြုပြီး သုံးတာ အကောင်းဆုံးပါ ခင်ဗျာ
အချိန် ပေးနိုင်ရင် (၂ ခါ သုံးခါလောက်တော့ လာပြရမယ်) ပြန်လာပြတဲ့ အတွက်
ကုန်ကျစရိတ် ရှိမယ် ဗျာ
{လူနာ}
ဆရာ ဘယ်လိုလုပ်တာ ပိုကောင်းမလဲ ဆရာ
{သွားဆရာဝန်}
ကျွန်တော် အပါအ၀င် သွားဆရာဝန် အတော်များများက
ကိုယ့် သွား အစစ်ကို သေသေခြာခြာ ပြုပြင်ပြီးပဲ သုံး စေချင်ပါတယ်ခင်ဗျာ

{လူနာ ၁၅}
ဆရာ ဆေးထပ်မယူတော့ပါဘူး အရင် တစ်ခါက ဆေးတွေကျန်နေသေးတယ်
{သွားဆရာဝန်}
ဟုတ်ကဲ့
အရင်တစ်ခါက ကျွန်တော့ကို လာပြတာ လွန်ခဲ့တဲ့ ငါးရက်ကနော်
ကျွန်တော်က ဆေးကို ၃ ရက်စာပဲ ပေးလိုက်တာလေ
၃ ရက်မြောက်နေ့မှာ ကို ကုန်ရတော့မှာ အခုက ငါးရက်တောင်မှ ဆေးကျန်နေသေးတယ် ဆိုတော့ ဘယ်လို ??
{လူနာ }
ဆရာ့ဆေးက ၅၀၀ အားဖြစ်နေတော့ များနေမှာစိုးလို့ ကျွန်မ လျော့သောက်ထားတယ်
တစ်ရက် ၂ ကြိမ်ဆိုများ ရနေပြီလားလို့ပါ
{သွားဆရာဝန်}
ဟုတ်ကဲ့ ကျွန်တော်တို့က မလိုအပ်ပဲ ဆေးမပေးပါဘူး
အကိုက်ခဲပျောက်ဆေးကတော့ ထားပါ ဒီပိုးသတ်ဆေး ပဋိဇီဝဆေးတွေက
အခု မှ ဒီဆေးတွေကို ဒီလို အချိန်မမှန် ပုံမမှန်ဘဲ လျောက်သောက်နေရင်
နောက်တစ်ခေါက် အလားတူရောဂါဖြစ်ရင် ဆေးမတိုးတော့ဘူးဗျ ဒီထက်ပိုပြင်းတဲ့ဆေး
ဒါမှ မဟုတ် ထိုးဆေးတွေပါလာ လိမ့်မယ်
ကုန်ကျစရိတ်ပိုများမယ် လူလည်းပို ခံရမယ် အစ်မရယ်
ဆေးဆိုတာက ဘယ်ဆေးကို ဘယ်လိုသောက်ရမယ်
ဆေးသောက်လိုက်လို့ ဒီဆေးတစ်ခုရဲ့ အာနိသင်က ကိုယ်ခန္ဓာ ထဲမှာ ဘယ်လောက်ကြာကြာ
ရှိနေမယ် နောက် တစ်ကြိမ်ကို ဘယ်အတောအတွင်းမှာ ပြန်သောက်ရမယ် ဆိုတာ လေ့လာရှာဖွေ
စမ်းသပ်ထားပြီးသားသူတွေ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက သူတွေ ထုတ်ပြန်ကြေငြာညွန်ကြားထားသလို
သောက်ပေးမှ ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်မှာဗျ
ဥပမာ ဒီဆေးတစ်ခု က ကိုယ်ခန္ဓာထဲမှာ ၆ နာရီ ၈ နာရီပဲ အာနိသင်ရှိနေမယ်ဆို
နောက် ဆေးတစ်လုံးကို ၆ နာရီ ၈ နာရီခြား ၀န်းကျင်မှာ သောက်ရမှာဗျ
တစ်ရက် ၂၄ နာရီဆို ရင်ဗျာ မနက် ၆ နေ့လည် ၂ ည ၁၀ အဲလို လေး သောက်ရမှာခင်ဗျာ
၁၂ နာရီခံတဲ့ဆေးဆိုရင်လည်း တစ်ရက် ကို ၂ ကြိမ်သေခြာ သောက်ရမှာဗျ
ဆရာဝန်က လိုအပ်လို့ ပေးတဲ့ဆေးကို သေသေခြာခြာလေး အချိန်မှန်လေးသောက်ပေးစေချင်ပါတယ်
နောင်ဖြစ်တဲ့ကိစ္စနောင်မှ ရှင်းဆိုရင်တော့ အဆင်မပြေပါဘူး မကောင်းပါဘူးခင်ဗျာ

{လူနာ ၁၆}
ဆရာ ဒီသွားရယ် ဒီသွားရယ် ဒီသွားရယ် ဒီဘက်က သွားရယ် နူတ်ချင်ပါတယ်
{သွားဆရာဝန်}
ဟုတ်ကဲ့
တစ်ခါတည်း နူတ်ဖို့ကတော့ အဆင်မပြေပါဘူး ခင်ဗျာ
တဖြေးဖြေးချင်း ၂ရက် ၃ ရက်လောက်မှ တခါတခါ ခွဲနူတ်တာ ကောင်းပါတယ်
အခု ဟာ က ဘယ်ကော ညာကော အပေါ်ကော အောက်ကော ဆို အဆင်မပြေလို့ပါ
{လူနာ}
ရတယ်ဆရာ ခံနိုင်ပါတယ် ထုံဆေးနဲ့နူတ်မှာ မဟုတ်ဘူး လား နူတ်သာနူတ်လိုက်ပါဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့ အခု က ခံနိုင် မခံနိုင်ကို ပြောတာ မဟုတ်ပါဘူး
သွားတစ်ချောင်းကို နူတ်လိုက်ပြီဆိုတာနဲ့ မေးရိုးမှာ အပေါက်တစ်ခု ဖြစ်သွားပြီ
ကိုယ်ခန္ဓာကနေ သွေးကထွက်ပါပြီ ၂ ချောင်း ၃ ချောင်း ဆက် နူတ်လိုက်ရင်
သွေးတွေကပိုထွက်တော့မယ် လိုအပ်ရင် ချုပ်ရတော့မယ်
နူတ်တဲ့ အချိန် ခက်ခဲရင် ဒဏ်ရာပိုရမယ် သွေးပိုထွက်မယ်
ဆေးခန်းက ပြန်သွားမှ ထုံဆေးပြယ်သွားမှ နာလာတတ်တယ် ရောင်လာတတ်တယ်
သွေးထွက်မျာလို့ မူးတာ လဲတာဖြစ်ရင် လူနာအတွက်ကော ဆေးခန်းဆရာဝန်အတွက်ကော
မကောင်းပါဘူး
နည်းနည်းစီပဲ ခွဲနူတ်ပါ ခင်ဗျာ
ကျွန်တော်က နေ့တိုင်းသွားနူတ်ကုသပေးနေတာပါ
၂ ချောင်းမှ မဟုတ်ပါဘူး ၁၀ ချောင်း အချောင်း ၂၀ နူတ်ချင်ရင်လည်းရပါတယ်
အဆင်မပြေဖြစ်မှာစိုးလို့ပါ
{လူနာ}
ဆရာ ရတယ် ခံနိုင်မယ် သွေးလည်း သိပ်မထွက်လောက်ဘူး ထင်တာပဲဆရာ
{သွားဆရာဝန်}
ဟုတ်ကဲ့ များများ နူတ်လေလေ ကျွန်တော်က သွားနူတ်ခ ပိုရလေပါပဲ ခင်ဗျာ
ဒါပေမယ့် မသင့်တော်လို့ပ့ါ
တချမ်းစီ တပိုင်းစီပဲ ခွဲလုပ်ခွဲနူတ်တာ ပိုအဆင်ပြေပါလိမ့်မယ် ခင်ဗျာ

{လူနာ ၁၇}
ဆရာ ဒီသွားပိုးစားနေတဲ့ သွားပိုးပေါက်ကို တစ်ခါတည်း ကုပေးလိုက်လို့မရဘူးလား
နောက်တစ်ခါ ပြန်လာဖို့မအားလို့ပါ
{သွားဆရာဝန်}
ဟုတ်ကဲ့ ကျွန်တော်ကြည့်ပြီး
တစ်ခါတည်း ကုလို့ရတဲ့ အရာဆိုရင် ကုပေးပါ့မယ်
တစ်ခါတည်း ကုလို့မရတဲ့ အရာဆိုရင်တော့ ပြန်ကို လာပြပေးမှ ရပါ့မယ်ခင်ဗျာ
ပြန်လာရမယ်ဆိုရင်လည်း အားတဲ့ ရက်နဲ့ အဆင်ပြေတဲ့ရက် ဆရာဝန်ချိန်းတဲ့ ရက်ကို သေခြာ
ပြန်ပြပေးနိုင်မှ ခံစားရတဲ့ ရောဂါဝေဒနာ ပျောက်ကင်းမှာပါ
ကိုယ့်ကျန်းမာရေးက နံပါတ် တစ်ပါခင်ဗျာ
မအားလို့ ဆေးကုသမှုမခံယူနိုင်ဘူးဆိုရင်
နောင် မကျန်းမမာ ဖြစ်လာမယ် ပိုဆိုးလာမယ်ဆိုရင်
ကိုယ့်လုပ်ငန်း လုပ်ဆောင်တာတွေ အကုန် အနှောင့်အယှက်ပိုဖြစ်မှာပါ

{လူနာ ၁၈}
ဆရာ ဒီသွားပိုးပေါက်ကို ဖာလိုက်ချင်ပါတယ်
{သွားဆရာဝန်}
ဟုတ်ကဲ့ အခုက ဒီအတိုင်းဖာလို့ရမရမသေခြာတော့ဘူးဗျ
နောက်ပြီး အစ်မ သွားပိုးပေါက်က နည်းနည်း နက်နေပြီ
ဆေးအပျော့နဲ့ ခဏ အစမ်း ဖာပြီး မှ ရရင်တော့ ဆေးအမာ ပြန်ပိတ်လို့ရပါတယ်
မရတော့ရင်တော့ အကြောကုသမှုတစ်ခုခုပေးဒါမှမဟုတ် နူတ်ရပါလိမ့်မယ်
{လူနာ}
ဆရာပြောသလို သွားဖာလိုက်ရင် ဒီသွားက တစ်သက်လုံး သုံးလို့ရရောလား
{သွားဆရာဝန်}
ဟုတ်ကဲ့
ကိုယ်ခန္ဓာက ဘယ် ပစ္စည်း ဘယ်အရာ မဆို တစ်သက်လုံး မခံပါဘူး
ကိုယ့်ရဲ့ ခံတွင်း သန့်ရှင်းရေးဂရုစိုက်တဲ့ အပေါ် သွား ခံတွင်း ရဲ့ကျန်းမာကြံ့ခိုင်တဲ့ အပေါ်မူတည်ပြီးမှ
အချိန်အတိုင်းအတာ တစ်ခုအထိ သုံးရမှာပါ
ခန္ဓာရှိရင်တော့ ဝေဒနာ ရှိမှာမှာ တရားတဘောအရပေါ့
မိမိ နဂို သွားကို ထိခိုက်စေသော အပြုအမူ မိမိ နဂို သွားကို ဒဏ်ရာရစေသော အရာ လောက်ဆိုရင်တော့
အခု ဖာထေးပြုပြင်ထားတဲ့ သွားလည်း ပျက်စီးမှာပါ ပြန်ကွဲတာ ပြုတ်တာဖြစ်တတ်ပါတယ်
ဖာလိုက်ပြီ ပြုပြင်လိုက်ပြီဆိုကတည်းက original မဟုတ်တော့ပါဘူး
သွားမှာမှမဟုတ်
ဘယ်အရာမဆို ပြုပြင်လိုက်တာက အော်ရယ်ဂျင်နယ် လောက်ကောင်းမှာမဟုတ်ပါဘူး
သူ့ရဲ့ တစ်တမ်း တစ်ခု အထိတော့ သုံးနိုင်ပါတယ် ခင်ဗျာ

{လူနာ ၁၉}
ဆရာ ကျွန်တော် နာမှာကြောက်တယ် ထုံဆေးနည်းနည်း အဆစ်ပိုထိုးပေးနော်
{သွားဆရာဝန်}
ဟုတ်ကဲ့ ကျွန်တော်တို့က လူတစ်ယောက်ကို သွားနူတ်တော့မယ်ဆိုရင်
သုံးရမယ့် ထုံဆေးက သူ့အတွက် လိုအပ်မယ့် အနည်းဆုံး ပမာဏကိုပဲ သုံးတာပါ
လိုအပ်မှ ထပ်ထည့်ပေးပါတယ်
ထုံဆေးနဲ့ပဲ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်လုပ်တာ ကိုင်ထာ ထိုးတာ နဲ့တာ အကုန် သိနေမှာပါ
မေ့ဆေးဆိုရင်တော့ သိမှာမဟုတ်ဘူးပေါ့
တချို့လူတွေမှာ ကိုယ်ခန္ဓာ ကြီးတာ ၀တာ
နောက် သွားမှာ ပြည်တည်နေတာ
ဆေးလိပ်အရက်ကွမ်း သုံးစွဲနေတဲ့လူနာ
အာရုံကြောပုံမှန် မဟုတ်ဘဲ အနည်းငယ် တိမ်းစောင်းနေရင်တော့ ထုံဆေး အနည်းငယ်ပိုလိုတတ်ပါတယ်
စမ်းကြည့်လို့ လိုအပ်မယ် ထင်ရင်တော့ ကျွန်တော် ထပ်ထည့်ပေးပါ့မယ် ခင်ဗျာ

{လူနာ ၂၀}
ဆရာ သွားတစ်ချောင်း ထည့်ချင်လို့ စိုက်ချင်လို့ ဘယ်လောက် လဲခင်ဗျာ
စိုက်မည့်သူကတော့ မပါလာပါဘူး ဈေးလေးမေးခိုင်းလိုက်လို့ပါ
{သွားဆရာဝန်}
ဟုတ်ကဲ့
စိုက်မယ့် လူနာရဲ့ ကျန်းမာရေးအနေအထား သွားနေရာအနေအထားပေါ်မူတည်ပြီး ပြန်အစားထိုးရမယ့် သွားအရေအတွက် နဲ့
သဘာဝသွားကျန်တွေရဲ့ အနေအထားပေါ်မူတည်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ သွားအရှင်အစားထိုးခြင်း
(အံကပ်အရှင်စိုက်) သဘာဝ ဘေးသွားတွေပေါ်မှာ တွဲဆက်ကပ်ထားတဲ့ သွားတု (သွားအသေစိုက်ခြင်း)
အခု နောက်ဆုံးတော့ ခုခေတ်မှာ Dental implant treatment (သွားမြစ်တု အစားထိုးကုသမှု)တို့နဲ့ ပြန်စိုက်လို့ရပါတယ်
သွားပြန်အစားထိုးတဲ့အခါ ဘယ်လိုနည်းလမ်းနဲ့ သင့်တော်မလဲ မသင့်တော်ဘူးလဲ နောက်တစ်ခု
ကုန်ကျစရိတ် ဘယ်လောက်ကုန်မလဲဆိုတာ လူနာကို
ကြည့်ရှုစမ်းသပ်ပြီးမှ သွားဆရာဝန်က အသေးစိတ် အဆင့်ဆင့် နဲ့ ကုသမှုပြီးဆုံး တဲ့အထိ ကြာမြင့်မယ့်အချိန် ကုန်ကျမယ့် ငွေ
အစားထိုးနိုင်မယ့် နည်း လမ်းတွေကို အကောင်းဆုံးဖြစ်အောင် ဆွေးနွေးပြောပေးမှာပါ
ဒါကြောင့် အဆင်ပြေရင်တော့ သွားစိုက်ချင်တဲ့လူနာကို အရင်ဆုံး ဆေးခန်းကို လာခိုင်းပြီးမှသေသေခြာခြာရှင်းပြပေးလို့ရမှာပါ
စိုက်ဖြစ်တာ မဖြစ်တာကတော့ တစ်ပိုင်းပေါ့ ခင်ဗျာ

********************
ဟုတ်ကဲ့
ကျွန်တော် သွား ဆရာဝန် တစ်ယောက်ပါ

{မည်သူ့ကို မှ မရည်ရွယ်ပါ
မည်သူ့ကိုမှ ထိခိုက်နစ်နာစေလိုချင်းမရှိပါ}

စောထွဋ်ဦး
၂၅.၃.၂၀၁၅

Advertise Here

Advertise Here
For Dental Profession

Advertise Here

Advertise Here
For Dental Profession

Categories

Big Promotion

2 Buy 1 Get Free

Contact Form

Name

Email *

Message *

Advertise Here

Advertise Here

Popular Posts

Advertise Your Text


New Arrival !!!

????????????

1 Buy = 5 Gifts

Advertise Here

Your Products

Your Brand